ကောင်လေးတစ်ယောက် Xioami Redmi Note 2 လေးတစ်လုံး လိုင်းမတက်လို့ပြင်ပေးဖို့ထားသွားပါတယ်။ ကျွန်တော်လည်းစမ်းတော့ IMEI Number ရှိတယ်ဗျ။ Sim Card ထည့်စမ်းတော့ Sim Card မသိတဲ့ပုံပဲပြတယ်ဗျ။ ကျွန်တော်လည်း စက်ဖုံးဖွင့်တော့ တစ်ခြားဆိုင်က ပြင်ထားတဲ့ လက်ရာတွေတွေ့နေပါတယ်။ နောက်တစ်နေ့တော့ ပိုင်ရှင်ကောင်းလေးရောက်လားပြီး ဆရာကျွန်တော်ဖုံးအဆင်ပြေလားပေါ့။ ကျွန်တော်လည်း မင်းရဲ့ဖုန်းက software မဟုတ်ဘူး Hardware ဆိုပြီး နောက်နေ့မှလာယူပေါ့ဆိုပြီး ပြောလွတ်လိုက်တယ်။ ငနဲကလည်း ဆိုင်တော်တော်လေးနှံဟန်ရှိပါတယ်။ ဆရာရယ်ရနိုင်ပါမလားဗျာ။ ကျွန်တော်ဆိုင်တော်တော်များနေပြီး။ ဆရာဆိုင်က လက်ခဈေးများတော့ နောက်ဆုံးမှရောက်လာတာ။ မရရင်လည်းဘယ်တတ်နိုင်မလည်းဗျာ။ ကြိုးစားပေးပါဦးဆိုလို့၊ ညရောက်မှ firmware version MIUI 7 ကိုတင်လိုက်တယ်။ လိုင်းတိုင်ပြလာတယ်ဗျ။ Telenor ဆိုတာလည်းသိနေတယ်။ Internet ဖွင့်သုံးလို့ရနေတယ်။ Phone Call ခေါ်ရင် MMI code ဆိုလား မှားနေတယ်ပေါ့။ Auto call ကို ခွင့်မပြုပါဆိုတဲ့ Box လည်းကျကျလားတယ်ဗျ။ ဒါနဲ့ MIUI 8 တင်မယ်လုပ်တော့ SP Tool က Error ပြတယ်။ Format ချတင်မှ တင်လို့ရသွားတယ်။ ဒါနဲ့ Format ရိုက်တင်ရင် IMEI ပြောက်တယ်လေဗျ။ ဒါနဲ့ IMEI ထည့်မယ်လုပ်တော့ online ပေါ်တတ်မွေရတာပေါဗျာ။ ဒါကြောင့် online ပေါ်က စေတနာဆရာများကို အရမ်းလေးစားပါတယ်။
Download Require Collection
Serial Write tool
twrp287.zip (recovery)
Root.zip
Ex Filer Explorer.apk
အဆင့် (၁)
Root လုပ်ရန်အတွင် Custom TWRP ကို fastboot mode ကနေ "fastboot flash recovery ရိုက်ပြီး recovery.img file ကို mouse နဲ့ ဆွဲထည့် ပြီး Enter ခေါက်ပါ။ (recovery.img=twrp.img)
Custom TWRP ရရင် Recovery mode ကနေ့ Root Zip ဖိုင်ကို flash ရင် Root ပေါက်ပါတယ်။
အဆင့် (၂)
Root ပေါက်သွားရင်ရင် HMNote2_IMEI.exe ဆိုတဲ့ serial number Writing Tool ကို computer မှ Run လိုက်ပြီး Tool မှာ နှစ်သက်သလို့ IMEI 1 နဲ့ 2 ကို ထည့်ပြီး၊
MP0B_001 button မှာ Click လိုက်တာနဲ့ HMNote2_IMEI.exe တည်ရှိရာ Folder ထဲမှာ
MPOB_001 ဆိုတဲ့ FILE တစ်ဖိုင်ရောက်သွားလိမ့်မယ်။ အဲဒီ MPOB_001 file ကို Phone ရဲံ အတွင်း Memory ထဲမှ copy ထားလိုက်ပါ။
အဆင့်(၃)
EX File explorer ဆိုတဲ့ APK ကို Phone မှာ Install လုပ်ထားလိုက်ပါ။ Ex file explorer ကို Root permission ပေးဖို့ Root Explorer ဆိုတဲ့ Button ကို On ထားပေးပါ။
Root ခွင့်ပြုမလား Box ကျလာရင် ခွင့်ပြုပေးလိုက်ပါ။
အဆင့်(၄)
Ex File explorer ကို ဖွင်ထားရင် ဒီ application ကနေပဲ အစောတုန်းက MPOB_001 ဆိုတဲ့ကောက်ကို COPY လုပ်ခဲ့ပါ။ ပြီးရင် Ex filer explorer ကနေပဲ Device>data>md>NVRAM>NVD_IMEI ဆိုတဲ့လမ်းကြောင်းအတိုင်းလိုက်လာပြီး NVD_IMEI ဆိုတဲ့ Folder ထဲကို copy ယူခဲ့တဲ့ MPOB_001 file ကို paste လုပ်လိုက်ပါ။
Old File ရှိနေရင်လည်း over_write လိုက်ပေါ့ဗျာ။ ပြီးရင် MPOB_001 ကို အမှန်ခြစ် select မှတ်ထားပြီး properties ကနေ ပုံပါအတိုင်း permission change ကနေ ပုံပါအတိုင်း အမှန်ခြစ် OK နှိပ်ရင် Phone ကို Restart ပိတ်ဖွင့်ပေးလိုက်ရင် Network and IMEI ကိုအောင်မြင်ပါလိမ်မည်။
ဆက်လက်တင်ပြနေဦးမည်..............
0 comments:
Post a Comment