Power Management IC ထဲတွင် ထိုသို့သော အမျိုးမျိုးသော Output Voltage များကို ထွက်ရှိစေရန်အလို့ငှာ Power Management IC ထဲတွင်Buck Convertor နည်းပညာကိုထည့်သွင်းထားပါသည်။ ပြင်ပ Main Battery သည် 4 V နီးပါရှိသော်လည်း PMU IC အတွင်းတည်ဆောက်ထားသော Buck Convertor Circuit ကြောင့် 1.1 V, 1.2 V, 1.7 v, 1.8 V, 2.2 V, 2.8 V, 3.3 V, 3.6 V စသည် output voltage များကို အခြားသော IC များသို့ထွက်ရှိစေခြင်းဖြစ်သည်။
အိမ်သုံးလက်ကိုင်ဓါတ်မီးထဲတွင်လည်း မီးလင်းလာရန် Battery ပါသည်။ ထို Battery သည် voltage အားနည်းလာသည်နှင့်အမျှ မီးသီး၏လင်းအားသည်လည်း မှေးမိန်အားနည်းလာပါသည်။ သိုသော် ကျွှန်တော်တို့အသုံးပြုနေသော Phone ၏ Display အလင်းသည် Battery အား 10% လင်းအားနှင့် ၉၉% သော လင်းအားတို့သည် အဘယ်ကြောင်း အလင်းပြန်အားတူနေပါနည်။ ဆိုလိုသည်မှာ ပြင်ပ Battery အားသည် 4 V တွင်လည်း output voltage 1.1 V အတွက် သည် 1.1 V သာ ထွက်ရှိနေသည်။ Battery အားသည် 3.6 V အထိကျသွားသော်လည်း output voltage 1.1 V အတွက်သည် 1.1 V အတွက်သာ သမတ်သတ်တည်းမပြောင်းလဲပဲထွက်ရှိစေသည်။ ထိုသို ကိန်းသေ Regulated Voltage အားကို ထွက်ရှိသော PMU IC ထဲတွင် Low dropout regulators (LDOs) ခေါ် Linear Regulator Circuit ကို ပေါင်းထည့်တည်ဆောက်ပေးထားသည်။
ထိုကြောင့် Power Management IC သည်
- LDO and Buck တာဝန်ကို ထမ်းဆောင်ပေးသည်။
- Keypad (touch)/Flash မီးများအတွက် Voltage Driver အဖြစ်မောင်းနှင်းပေးတယ်။
- Phone ကို ခုပိတ်ခုဖွင်ဆိုသော reset လုပ်ဆောင်ခြင်းတာဝန်ကိုလည်းလုပ်ဆောင်ပေးတယ်။
- Battery Charging ကို protect/Control တာဝန်ကိုလည်းထမ်းဆောင်ပါတယ်။
- အသံပိုင်ဆိုင်ရာများကို ထိန်းချုပ်ပေးရန် Audio Power Amplifier တာဝန်ကိုလုပ်ဆောင်ရပါတယ်။
- Battery တစ်လုံးရဲ့ အခြေအနေကိုတင်ပြရန် Fuel Gauge တာဝန်ကိုလုပ်ဆောင်ပေးရပါတယ်။
Mobile Phone တစ်လုံး Power ဘယ်သို့ ဖွင့်သလဲး ဆိုသကို Hardware Service အမြင်ဖြင့်ကြည့်လျှင် Method (၃) မျိုးရှိပါသည်။
User မှ Power Key or Button ကို နိုပ်လိုက်ချိန်တွင် Power IC ၏ PWRKEY pin တွင် LOW Stage (0) ဖြစ်အသွင်းပြောင်းသွားချိန် CPU ၏ VCRORE သို့ 1.8 V ခန့်နှင့် CPU ၏ VPROC သို့ 2.8 V ခန့်ရှိသော LDO Voltage များကို ပေးသွင်းလိုက်ပြီး Power IC ၏ RESETB pin မှ ထွက်လာသော reset signal များသည် CPU ၏ SYSRSTB pin ဆီကို ပို့လွတ်ခြင်းခံရချိန်တွင်
SYSRSTB pin သည် (de-asserted stage or LOW (0) stage) သို့ရောက်ရှိသွားပြီး၊ CUP သည်
baseband အပိုင်းဆိုသို BBWAKEUP ကို High State ဖြစ်အောင် signal များပို့လွတ်လိုက်သည်။ Baseband အပိုင်းက IC များအသင့်အနေထားဖြစ်ချိန်မှ သာ CPU သသည် EMMC အတွင်းမှ Boot partition ကို နိုးထစေပါသည်။ ထို့ကြောင့် User များသည် Baseband မှ PWRBB singal ကို Power ICသို့ ရောက်ချိန်အထိ Power buttonကို ဖိထားသင့်သည်။ ယနေ့ Phone များတွင် PWRBB ၏ speed သည် ၁ စက္ကန့်လောက်မျှသာကြာတော့သည်။
ယနေ့ခေတ်ပေါ် Mobile များသည် သတ်မှတ်ချိန်တွင် Power ပွင့်လာအောင် Alarm Clock သတ်မှန်ချိန်ဖွင့်နိုင်သည်။ Phone ကို Power Off ထားသော်သည် User သတ်မှန်ထားသော အချိန်နာရီတွင် Phone အတွင်းရှိ Real Time Clock (RTC) system သည် သည် Baseband မှ PWRBB signal ကို PMU IC သို့ပေးလွတ်ပြီး Phone အား power ပွင့်စေခိုင်းနိုင်သည်။
အချို့ဖုန်းများသည် USB ကြိုးဖြင့် Charging လုပ်ခြင်းဖြင့်လည်း Phone အား Power ပွင့်စေနိုင်ပါသည်။
နောက်ပိုင်းတွင် Power IC များကို ဆင်တင်ပြပါဦးမည်။
0 comments:
Post a Comment