Mobile Phone များတွင် Schottky diode များကိုလည်းတပ်ဆင်အသုံးပြုကြပါသည်။ Schottky Diode ကို သိပ္ပံပညာရှင် Walter H.Schottky ကို ဂုဏ်ပြုခေါ်ဆိုခြင်းဖြစ်သည်။ Schottky Diode ကို hot carrier diode လို့လည်းခေါ်ပါသေးတယ်။ Schottky Diode သည် Switching လုပ်ဆောင်ရာမှာ မြန်ဆန်ပေမဲ့ Voltage Drop ကျဆင်းမူကတော့ တစ်ခြားသော Diode အမျိုးအစားတွေထက်စာရင်း နည်းပါးပါတယ်။ တစ်ခြားသော diode တွေက Volate Drop ကို 0.6 to 1.7 volts လောက်အထိ ကျဆင်းစေပေမဲ့ Schottky Diode တွေမှာတော့ 0.15 and 0.45volts လောက်သာကျဆင်းစေပေးနိုင်ပါတယ်။ Schottky Diode ရဲ့ ဒီလို Voltage Drop ကျဆင်းတန်းဖိုးနည်းပါးမူကြောင့် Switching Speed ကို မြန်စေပြီး System စက်လည်ပတ်မူစွမ်းအင်းအသုံးပြုမူဖြစ်တဲ့ efficiency ကို ပိုမို့တောင်းတင်အားကောင်းစေပါတယ်။ Schottky Diode တွေရဲ့ အခြေငုတ်တစ်ဘက်ကို ပိုမြင်သာထူးခြားအောင်လုပ်ထားလေ့ရှိသောကြောင့် သူကို a unilateral junction diode လို့လည်းတစ်ခါတစ်မှတ်သားထားသင့်ပါတယ်။
Schottky Diode တွေကို ထုတ်လုပ်သူတွေက အပူချိန်ကျဆင်းစေတဲ့ ဂုဏ်သတ္တိရအောင် N-type ဘက်ပိုင်းကို molybdenum, platinum, chromium, tungsten Aluminium, gold စသည် Metal များနှင့် semiconductor ပစ္စည်းများကို ရောစပ်ပြုလုပ်လေ့ရှိပါသည်။ ထိုကြောင့် Schottky diode များသည် Temperature တိုးခြင်း၊ ရော့ခြင်းကို N-type ဘက်ခြင်းကထိန်းကြာင်းပေးသည်။ Schottky Diode ရဲ့ ဂုဏ်ရည် (၃) ကို မှတ်သားထားသင့်ပါတယ်။
- Low turn on voltage
- Fast recovery time
- Low junction capacitance တို့ပဲဖြစ်ပါတယ်။
Low turn on Voltage ဆိုတာ ပေးသွင်းဖြတ်စီးလာတဲ့ input voltage ကို အနည်းဆုံးလျှော့ချပေးနိုင်ပါတယ်။ ဥပမာ input 3.3 voltage ဖြင့် Schottky Diode ကို ဖြတ်စီးလာရင် 3.2 V လောက်အထိရောင်အောင်ပြန် output ထုတ်ပေးပါတယ်။ Fast recovery time ဆိုတာ voltage input value နဲ့ output vlaue က တူသလောက်နီးပါဖြစ်တဲ့အတွက်ကြောင့် power on လုပ်ရာတွင် လွန်စွာမြန်ဆန်စေပါတယ်။ Lower Junction capacitance သဘောက Schottky Diode တွေကို Transistor မျာနဲ့ တွဲဖက်အသုံးပြုချိန်မှာ Transistor ရဲ့ လုပ်နိုင်စွမ်းကို ပိုမိုကောင်မွန်လျင်မြန်အောင်ဆောင်ရွက်ပေးခြင်ဖြစ်ပါတယ်။ ဒါကြောင့် Mobile Power ခလုတ်လမ်းကြောင်းမှာ Schotty Diode နဲ့ Transistor များကို တွဲဖက်တပ်ဆင်ထားထာကိုတွေမြင်နေကြရပါဦးမယ်။
Schottky diode များသည် လျှင်မြန်သော frequency speed ကို ထုတ်လွတ်ပေးနိုင်သောကြောင့် radio frequency applications and system များတွင် အထွက်ပိုင်း switching လုပ်ရာတွင်သူမပါလျှင်မပြီးသလောက်ဖြစ်နေတော့သည်။ speed လျှင်မြန်ကူရှိသောကြောင့် ရုပ်သံပိုင်းတွင် အထွက်ရုပ် speed ကို အသံများတပြေးတည်းလိုက်နိုင်အောင် Schottky Diode ကလည်းမပါးမရှိပဲမဟုတ်ပါလားဗျ။ ဒီလိုအခြေအနေကို Schottky Diode က ring mixers တာဝန်ကိုထမ်ဆောင်ပေးတယ်လို့ခေါ်သတဲ့။ Schottkey Diode ရဲ့ လျှင်မြန်တဲ့ frequency speed နဲ့ voltage လျှော့ကျမူနည်းပါးတဲ့ ဂုဏ်ရည်ကြောင်း RF Detectors (RF signal ဖမ်းစက်) များတွင် အသုံးပြုပါသည်။
Schottky (barrier) diode တွေကို ကြီးမားတဲ့ power လို့အပ်တဲ့ application တွေမှာ Rectifier များအဖြစ်လည်းအသုံးပြုကြပါသေးတယ်။ ကြီးမားများပြားတဲ့ Current Density ဖြတ်စီးစေနိုင်တာရယ်၊ Volt ထွက်အားလျှော့ကျမူးမရှိသလောက်ရယ်ကြောင့် သာမာန် p-n junction diodes တွေထက် power အလေအလွင့်ဖြစ်ခြင်းကိုသက်သာစေမှာပါ။ Schottkey Diode က စက်ရဲ့လုပ်နိုင်းစွမ်းဖြစ်တဲ့ efficiency ကို အပူချိန်မြင့်လာရင်တောင်မှ မကျစေတာပါပဲ။ ဒါပေမဲ့ Schottkey Diode တွေက Heat sinks တွေလောက်တော့ efficiency မထိန်းပေးနိုင်ပါဘူးဗျာ။
စက်ပစ္စည်းသော်လည်းကောင်း IC တစ်ခုသော်လည်းကောင်း တစ်ခါတစ်ရံတွင် power supply (၂) ခုသုံးပေးရမယ့်အခြေအနေရှိပါတယ်။ ပထမ supplier ထဲက power တွေက ဒုတိယ supplier ထဲကို မ၀င်သွားအောင်၊ ဒုတိယက လည်း ပထမ ထဲကို မ၀င်သွားအောင် blocker အဖြစ် Schottky Diode နဲ့ ပိတ်လေ့ရှိပါတယ်။ Schottky Diode ရဲ့ Quick Speed property နဲ့ High Current Density Property တွေကြောင့် Sensor နဲ့ဆိုင်တဲ့ application ပိုင်းမှာတော့ အသုံးပြုခဲပါတယ်။ သူရဲ့ ဒီ Properties တွေကြောင့် Sensor က Error Reading ကို ဖြစ်စေနိုင်လိုပဲဖြစ်ပါတယ်။
Voltage လျှောကျအားနည်းစေတဲ့ low voltage drop ဂုဏ်သတ္တိကြောင့်လည်း နေရောင်ခြည်စွမ်းအားသုံး Solar cell ပြားတွေမှာ Schottky Diode တွေကို series ပုံစံဆက်သွယ်ထားပြီး နေရောင်အားကျသွားအခါ Cell တွင်းက သိုလောင်ထားတဲ့ Charge ကို တာရှည်တည်မြဲအောင်ထိန်းပေးထားနိုင်တာပေါ့ဗျာ။
low voltage drop ဂုဏ်သတ္တိကြောင့်လည်း Voltage and Current တွေကို Limited Quantity အတိုင်းသာ တမသတ်တည်း တည်ငြိမ်အောင် ဖြတ်စီးစေလိုတဲ့အခါ Schottky Diode ကို ခံသုံးလေးရှိတယ်။ ဒီလုပ်ဆောင်ချက်မျိုးကို Electronic သမားတွေက Voltage Clamp ပြုလုပ်တယ်လိုခေါ်ပါတယ်။ ဥပမာ Mobile Phone တွေရဲ့ Backlight Driver ရဲ့ Switch အထွက်ပိုင်းဖြစ်တဲ့ LCD ရဲ့ Anode ဘက်သွားရာလမ်းကြောင်းမှာ Clamping ဖြစ်အောင် Schottky Diode ကတော့ မပါလိုကို မရသလောက်ပါပဲဗျာ။
0 comments:
Post a Comment