- Vin
- CTRL
- SW
- GND
- COMP
- FB
Pin Number (1) တွက် နေရာကျတဲ့ Vin ဆိုတာ Backlight Driver IC အတွက် Supply Voltage ပါ။ ဒီ Supply Voltage ကို Battery လမ်းကြောင်းဖြစ်တဲ့ Vbat ကနေသာအများဆုံးယူသာဖြစ်တဲ့အတွက်ကြောင့် Main Battery ရဲ့ Voltage တန်ဖိုးအတိုင်းသာထွက်မှာပါ။ ဒါပေမယ့် 3 V to 18 V အထိ သုံးပိုင်ခွင့်ရှိပါတယ်လို့ဆိုထားပါတယ်။
Pin Number (2) တွက် နေရာကျတဲ့ CTRL ဆိုတာ Controller ကို ဆိုလိုနေတာဖြစ်ပါတယ်။ LCD Display ရဲ့ ON/OFF နဲ့ အလင်းအမောင် ပမာဏကို CPU နဲ့ဆက်သွယ်ပြီး ထိန်းချုပ်တာများပါတယ်။ တစ်ချို့အချိန်တွေမှာတော့ Battery အား % ပေါ်မူတည်ပြီး CPU က LED လေးတွေကို အလင်းဘယ်လောက်ပဲလင်းဆိုတာကို Auto Lighting လုပ်ပေးပါတယ်။ ဒါပေမယ့် User ကတော့ အလင်းအားပြန်တင်လို့ရတာပေါ့နော်။
Pin Number (3) တွက် နေရာကျတဲ့ SW ဆိုတာ Switch ကို ဆိုလိုနေတာဖြစ်တယ်။ Backlight Driver ရဲ့ ထွက်စရာ၊ ပေးစရာရှိတဲ့ Voltage, Signal, Frequency အားလုံးကို Backlight Driver ကနေ LCD ရဲ့ Anode လမ်းကြောင်းကို ပိုဆောင့် Switching လုပ်ပေးတာ့ပေါ့ဗျာ။
Pin Number (4) တွက် နေရာကျတဲ့ GND ဆိုတာတော့ Ground အတွက်ဆိုတော့ အထူးရှင်းမပြတော့ပါဘူး။
Pin Number (5) တွက် နေရာကျတဲ့ COMP ဆိုတာကတော့ နည်းနည်းအတွေးပါတယ်ဗျ။ Display လင်းလာဖို့ LED တွေရဲ့ လိုအပ်တဲ့ Voltage က 15 V ထက်တောင်ကျော်နိုင်တယ်ဗျ။ ခင်ဗျားတို့ Battery အားကမှ 4 V လောက်သာရှိတာ။ LCD ရဲ့ LED မီးသီးလေးတွေအတွက်ဘယ်လို Supply လုပ်မတုံးဗျ။ နည်းတစ်နည်းကို Developer တွေကတွေရှိခဲ့တယ်။ DC ကနေ AC ပြန်ပြောင်းပြီး ရလာတဲ့ AC ကို amplifier အဖြစ် Voltage ကို ချဲ့ယူရန် BackLight Driver ထဲမှာ စက်ခန်းတစ်ခုတည်တောက်ထားပြီး၊ amplifier လုပ်ကြီးစေထားတဲ့ Voltage ကို ထောက်လမ်းစုံစမ်းရန် အပြင်မှာ Capacitor တစ်လုံးနဲ့ ဆက်ပေးထားပါတယ်။
Pin Number (6) တွက် နေရာကျတဲ့ FB ဆိုတာကတော့ Current တွေ ပတ်လမ်းတစ်လျှောက် ပြတ်တောက်မှုမရှိကြောင်းနဲ့၊ အဆင်ပြေပြေဖြတ်စီးခဲ့တဲ့ဆိုတာကို Feedback အဖြစ် Backlight Driver ကို ပြန်အကြောင်းကြားပေးဖို့ Backlight Driver ထဲကို ပြန်ဝင်လာစေပါတယ်။
Backlight Driver IC ရဲ့ ပုံသေနည်းကိုလေ့လာကြည့်ရင်လွယ်ပါတယ်။ IC မှာ အ၀င် (Vin ) နဲ့ အထွက် (SW) ကို ကိုယ်စာလှယ် Boost Coil နဲ့ ၀င်ထွက်စေမှာပါ။ ဒါဆို IC ကောင်းနေမယ်ဆိုရင် Boost Coil ရဲ့ အ၀င်ဘက်နဲ့ အထွက်ဘက်က component ပစ္စည်းလေးတွေရဲ့ သဘောကို နာလည်းရင် Backlight သဘောပိုနားလည်းလာမယ်။ Vbat ကနေ၀င်လာမယ် overvoltage များဖြတ်စီးမခံရအောင် အသေခံကာကွယ်ပေးမယ် C1 4.7 uF condenser တစ်လုံးခံထားပေးတယ်။ Vbat ကနေ့ normal voltage လွတ်ပေးရင်တောင်မှ နှောင်ယှက်တဲ့ analog signal တွေဖြတ်စီးမ၀င်အောင် 1 uf ရှိတဲ့ C4 တစ်လုံးကို filter ခံထားမယ်။ Backlight IC ကြီး overvoltage မဖြတ်စီးအောင် အသေခံကာကွယ်မယ့် D2 ဆိုတဲ့ 12 V ခံနိုင်အားရှိတဲ့ Zener Diode နဲ့ 1K Ohm ရှိတဲ့ Resistor တစ်လုံးကိုအစောင့်ထားထားပါတယ်။
LCD ဆီသို့သောအထွက်ဘက် SW လမ်းကြောင်းဘက်မှာ အထွက် speed မြန်အောင် Schottky Diode နဲ့ တစ်ဘက်စီးပိတ်ထွက်စေမယ်။ ထွက်သွားတဲ့ analog volt and signal တွေကို 1 uf ရှိတဲ့ C2 qဆိုတဲ့ Capacitor တစ်လုံးနဲ့ filter စစ်ယူမယ်။
SW အထွက်လမ်းကြောင်းက LCD ထဲကို လုံလောက်တဲ့ Current တွေ Error ကင်းကင်းနဲ့ဖြတ်စီးလာပြီးဆိုကြောင်းကို IC ကို Reset ချ ခုတ်မောင်းရန် CPU သို့ အကြောင်းပြန်တဲ့ feedback လမ်းကြောင်းက Circuit ကို တစ်ပတ်လှည်ခုတ်မောင်းစေပါလိမ်မည်။
ညီငယ်တို့ နည်းပညာမှာအဆင်ပြေချောမွေပါစေကြောင်းဖြင့်..................
0 comments:
Post a Comment