Power IC များတွင် အများအားဖြင့် Buck Convertor (၅) မျိုးကို main အဖြစ်ဦးစားပေးလုပ်ဆောင်စေသည်။ ထို Buck Convertor များမှာ
၁။ CPU ၏ Processor သို့ power supply input လုပ်သော VPROC
၂။ CPU ၏ CORE စက်ခန်းကို Power supply input လုပ်သော VCORE
၃။ CPU ၏ monery ကို I/O voltage လုပ်စေသော VIO18
၎။ Netwrok system (3G) ကို support လုပ်ရန် VPA
၅။ RF (Raido Frequency System) ကို input လုပ်သော VRF တို့ဖြစ်သည်။
VPROC
Processor power, VPROC သည် Mobile Phone တစ်လုံး၏ processor အတွက် မြင့်မားလုံလောက်သော voltage အားကို ပေးရန် Power IC တွင် တည်ဆောက်သော Buck Convertor ဖြစ်သည်။ PMU IC သည် ပြင်ပ main Battery ( 4V နီးပါ) မှ step down voltage ပြောင်းထားသော 1.2 V ခန့်ကို CPU ၏ processor စက်ခန်းသို့ ပိုလွတ်သည်။ 1.2 V and 2 A သည် default ဖြစ်သော်လည်း CPU အမျိုးအစားပေါ်မူတည်၍ 0.7 V မှ 1.3 V အတွင်းလည်းဖြစ်သွားနိုင်ပါသည်။VCORE
Digital CORE power, VCORE သည် CPU အတွင်းထဲရှိ Core စက်ခန်းများအတွက် မြင့်မားလုံလောက်သော voltage အားကို ပေးရန် Power IC တွင် တည်ဆောက်သော Buck Convertor ဖြစ်သည်။ PMU IC သည် ပြင်ပ main Battery ( 4V နီးပါ) မှ step down voltage ပြောင်းထားသော 1.2 V ခန့်ကို CPU ၏ Core စက်ခန်းများသို့ ပိုလွတ်သည်။ 1.1 V and 1.0A သည် default ဖြစ်သော်လည်း CPU အမျိုးအစားပေါ်မူတည်၍ 0.7 V မှ 1.3 V အတွင်းလည်းဖြစ်သွားနိုင်ပါသည်။ ယနေ့ခေတ်တွင် CPU ၏ speed ကို Core စက်ခန်း (4) ပါအောင် upgrade လုပ်ထားသော Quat Core CPU နှင့် Core (8) ခန်းပါသော Octa Core Processor များကို တွေမြင့်နေရပေမည်။VIO18
VIO18 (VDD18) သည် Baseband System ထဲမှ Network ပစ္စည်းများကို Control ထိန်းချုပ်မောင်းနှင်းရန်ဖြစ်သော program data များ သိမ်းဆည်းထားသော Memory အခန်းပဲဖြစ်ပြီး။ default output voltage သည် 1.8 Volt ဖြစ်၍ 1.0A ကို အသုံးပြုနေမည် ဖြစ်သည်။3G PA
Power Management IC သည် 3G Network အလုပ်လုပ်နိုင်အောင် output voltage 3.4 V ခန့်ရှိသော Voltage ကို လည်းထုတ်လွတ်ပေးရပါသည်။VM
VM သည် CPU ၏ DRAM အပိုင်းကို supply volatge ပေးရန်ဖြစ်သည်။ DRAM ဆိုသည် computer ၏ memory ချောင်းဖြစ်သော RAM ချောင်းနှင့် သဘောတူပါသည်။ Power Management IC မှ VM အတွက်ပေးလွတ်သော supply voltage သည် 1.1 V and 1.1 A ဖြစ်သည်။VSRAM
VSRAM သည် CPU ၏ လုပ်ဆောင်ခဲ့သော command and address မှတ်တမ်းများကို cache အဖြစ်မှတ်တမ်းတင်သိမ်းဆည်းပေးသော Memory ခန်းဖြစ်သည်။ လိုအပ်သော 1.1 V ကိုလည်း PMU IC ကပဲ ပေးလွတ်ပါသည်။PMU IC မှာ ထွက်သော camera, SD card, Bluetooth, စသည်တို့အတွက် သည် schematic တွင် ကြည့်ရှု့သူနားလည်မည်ထင်သောကြောင့် ချန်လပ်ထားခဲ့ပါမည်။ အပိုင်း (၃) သို့ ဆက်လက်ကြိုးစားရေးပေးနေသည်။
0 comments:
Post a Comment