ကျွန်တော်အခု ညီငယ်တွေကို Mobile Phone Circuit ပြားပေါ်က Diode လေးတွေအကြောင်းပြောပြချင်ပါတယ်ဗျာ။ Diode ဆိုတာလည်း ကျွန်တော်တို့ရဲ့ Electronic ဖခင်ကြီး Edison ရဲ့ကျေးဇူးကြောင့်သာ Diode ဆိုတာပေါ်ပေါက်လာတာပါ။ ဒါပေမယ့် သူကတော့ Diode နည်းပညာကို စတင်တွေရှိပေမယ့် သူဇရာကြောင့် မတီထွင်ပေးနိုင်ခဲ့ပါဘူး။ ၁၈၈၃ ခုနှစ်လောက်မှာ အမေရိကန်သိပ္ပပညာရှင်ကြီးဖြစ်တဲ့ Edison က သူစမ်းသပ်ချက်ကနေ ထူစမ်းတဲ့တွေ့ရှိချက်တစ်ခုဖြစ်ပေါ်လာခဲတယ်ဗျ။ သူလုပ်ထားတဲ့ Electronic မီးသီးထဲက Filament နန်းမျှင်းနားမှာ သတ္တုပြားလေးနီးအောင်ထားထားပြီး အဲဒီ Metal Plate ကို လည်း နောက်ဝါယာကြိုးတစ်ချောင်းနဲ့ Battery ရဲ့ Positive Terminal မှာတပ်ဆင်လိုက်တယ်။
Filament နဲ့ Metal Plate က ထိနေခြင်းမရှိပေမယ့် Metal Plate ကို ဆက်ထားတဲ့ ၀ါယာမှာလည်း Current ဖြတ်စီးနေတယ်ဆိုတာ သူလက်တွေပြနိုင်ခဲ့ပေမယ့် ဘာကြောင့်ဆိုတာကိုတော့သူပြဖို့အချိန်မရခဲပါဘူး။ Battery Negative Terminal နဲ့ Metal Plate နဲ့ဆက်ရင်တော့ No Current အဖြစ်တွေရပါမယ်။ ဒါပေမယ့် သူသေဆုံးပြီးမှ သူတပည့်ဖြစ်သူ Richardson က သူဆရာ Edison ရဲ့စမ်းသက်ချက်ကိုဆက်လုပ်ခဲတာဗျ။ Richardson က ပူနေတဲ့ အရာဝတ္ထုကနေ Electron တွေဖြာထွက်လာတယ်ဆိုတာကိုတွေရှိပြီးတဲ့နောက် သူဆရာရဲ့စမ်းသက်ချက်ရဲ့ Solution ကို အဖြေထုတ်ပြပေးခဲတယ်။ မီးသီးလင်းလာတဲ့အချိန် Filament ကပူလာပြီး Electron တွေဖြာထွက်နေတယ်။ ဒီထွက်လာအီလက်ထွန်တွေကို Battery Positive Terminal နဲ့ဆက်ထားတဲ့ Metal Plate က ဆွဲယူပြီး Current အဖြစ် wire ကနေ Circuit တစ်ခုလုံးကိုစီးဆင်စေတဲဆိုတာဖော်ထုတ်ပေးခဲ့တယ်။
ဒါပေမယ့် သူကဆရာကိုတော်တော်လေးစားပုံရတယ်။. သူရဲ့အောင်မြင့်မူကို Edison Effect ဆိုပြီးကမ္ဗည်းတပ်ပေးခဲ့တယ်ဗျ။ Edison Effect ကို Thermionic Emission လိုလည်းခေါ်ပါသေးတယ်။
diode ဆိုတာ Thermionic Emission ကို အခြေခံတည်ဆောင်ထားတာပါ။ ၁၉၀၄ ခုနှစ်မှာ Fleming ဆိုတဲ့ သိပ္ပညာရှင်က Vacuum Diode ကို ပထမဆုံးတီထွင်ခဲ့တာဗျ။ သူတီထွင်ခဲ့တယ် Vacuum Diode မှာ Cathode , Anode နဲ့ heater ဆိုပြီး ငုတ်တိုင်းသုံးငုတ်ပါပါတယ်။ အခုနောက်ဆုံးပေါ် p-n junction diode ခေါ် semiconductor diode တွေကတော့ Cathode and Anode ဆိုတဲ့ ခြေငုတ်နှစ်ချောင်းသာလိုအပ်ပြီး Heater ဆိုတဲ့ခြေငုတ်ကို မလိုအပ်တော့ပါဘူး။
SMD Diode တွေကိ semiconductor ဖြစ်တဲ့ Materials တွေနဲ့လုပ်ထားတာဗျ။ semiconductor ဆိုတာ လျှပ်ကာ (resistance value) တန်ဖိုးမြင့်တဲ့ insulators အစစ်လည်းမဟုတ်ဘူး။ လျှပ်ကူး (conductance Value) တန်းဖိုးမြင့်တဲ့ Metal အစစ်လည်းမဟုတ်တဲ့ Element တွေပဲဗျ။ အဲဒီတန်ဖိုးနှစ်ခုလုံးကို ပိုင်ဆိုင်တဲ့ properties ရှိတဲ့ Element ပါဗျ။ စက်ရုံးသုံးများတာကတော့ Germanium Element နဲ့ Silicon Element တွေ့ပဲဗျ။ Diode တစ်ခုရဲ့ Anode (+) ဘက်အခြမ်းဖြစ်လာဖို့ Germanium ထဲကို positive charge အများကြီးပိုင်ဆိုင်တဲ့ element ကိုရောပေးရင် Anode ဘက်ခြမ်းကိုရလာပြီး Cathode (- ) ဘက်ခြမ်းအတွက် Germanium ထဲကို negative charge ပိုများတဲ့ အခြားသော element တစ်မျိုးနဲ့ရောစပ် Cathode ဘက်ခြမ်းကို ရလာပါတယ်။ ဒီလိုရလာတဲ့ Andode ( +) ခြမ်းနဲ့ Cathode (-) ဘက်ခြမ်းကို အပူနည်းပညာနဲ့ ဆက်ပေးလိုက်ရင် p-n junction diode တစ်ခုကိုလုပ်တောင်ပြီးသွားမှာပါ။ သူတို့နှစ်ခုထိစပ်တဲ့ နယ်နိမိတ်ကို junction လို့ခေါ်ပါသတဲ့။ Diode က Potential Different ဖြစ်တဲ့ Voltage နဲ့ Current နှစ်ခုကို အချိုးမကျစေပါဘူး။ ဒါကြောင့် Diode တွေက Ohm's Law ကို လိုက်နားမှာမဟုတ်ပါဘူး။
ယနေ့ခေတ်သုံးနေကြတဲ့ Diode တွေမှာ ခြေငုတ် (၂) ချောင်းပါပြီး။ သူရဲ့ထူးခြားတဲ့ Property တစ်ခုကတော့ unidirectional current property လို့ခေါ်တဲ့ Current ကို ဦးတည်ဘက်တစ်ဘက်တည်းသားဖြတ်သန်းခွင်ပြုတာပါ။ Diode ကို AC current မှ DC Current သို့ပြောင်းသော rectifying လုပ်ဖို့နဲ့ radio detectors လုပ်ဖို့ ဆိုတဲ့ နည်းပညာကို လမ်းကြောင်းဖို့ အသုံးပြုကြတယ်။ သမာရိုးကျတွေ့နေရမယ့် Diode တွေကတော့
၁. Zener diode
Zener Diode ဆိုတာ Silicon Semiconductor diode တစ်ခုပဲဖြစ်တယ်။ Zener Diode က တစ်ခြားသော Diode တွေလို့ တစ်ဖက်စီး Diode မဟုတ်ပဲ သူ့ရဲ့ သတ်မှတ် voltage တန်ဖိုးရောက်လာရင် Forward Direction သာမာ Reversed Direction ကိုသာ ဖြတ်သန်းခွင့်ပြုပေးလို Zener Diode ကို နှစ်ဘက်စီး Diode လို့လည်းခေါ်ပါပေတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ Phone ကို Charging လည်းသွင်းနေတယ်။ ဂိမ်းကလည်းကစားနေနိုင်တာပေါ့ဗျာ။ နောက် Post တွေကျမှ Diode တစ်လုံးချင်းစီရဲ့ Duty and Function တွေကို ပြည့်စုံအောင်တင်ပြပေးပါမယ့်။ အခြေခံက အရေကြီးလို့ အခြေခံကိုနည်းနည်းပြောပြတာပါ။
0 comments:
Post a Comment