Huawei G610 U00 ကို EMMC အသစ် change ပေးတော့မယ်ဆိုရင် အခုပေးထားတဲ့ file 3 ခုကို UFI BOX နဲ့ ပြန် flash ပြီးမှ Circuit Board မှာ တပ်ပြီး၊ sp flash tool, micracle box, ufi box စသည့် MTK flash tool တစ်ခုခုဖြင့် scatter type firmware ရှာတင်လိုက်ပါ။
အဆင့် (၁)
UFI BOX ခွက်ထဲကို Samsung B309 4/8 GB emmc အသစ်တစ်လုံးလောက်ထည့်ထားလိုက်ပါ။
အဆင့် (၂)
Computer မှာ UFI Android ToolBox software ကို ဖွင့်ထားလိုက်ပါ။
အဆင့်(၃)
UFI EMMC Tool မှ eMMC General (အနီရောင်ပြ) button မှာ ရှိနေပါစေ။ Box နဲ့ EMMC ချိန်ဆက်မူကောင်းမကောင်း Identify eMMC (ခရမ်းရောင်ပြ) button ကို နိုပ်လိုက်ရင် EMMC အသစ်ရဲ့ information panel မှ ပြပေးလာပါမယ်။
အဆင့် (၄)
Download ယူထားတဲ့ ထဲမှာ boot 1, boot2, ext_csd ဆိုပြီး file (3) ခုပါပါတယ်။
အဆင့်(၅)
အဲဒီ boot1, boot2, ext_csd တွေကို တစ်ခုချင်းစီ UFI tool box ညာဘက်က သက်ဆိုင်ရာအကွက်တွေထဲ့ mouse နဲ့ ဖိဆွဲထဲလိုက်ပါ။ boot 1 ကို ဆွဲထည်လိုက်ရင် Huawei G601 U00 အတွက် လက်ခံနိုင်မယ့် CID number တွေ info panel မှာ ပြပေးလာမယ်။
အဆင့် (၆)
ညာဘက်အောက်နားက write ဆိုတာလေးကို click လိုက်မယ်ဆိုရင် boot partition size မတူရင်လည်း boot partition ချိန်းမလားမေးတတ်ပါတယ်။ OK ဆိုပြီး change ပေးလိုက်ပါ။ CID number မကိုက်ရင်လည်း Change ခိုင်းတဲ့ Message box ပြပါတယ်။ OK ဆိုပြီး ချိန်းခိုင်းလိုက်ပါ။ မှတ်ချက်-Emmc တစ်လုံးမှာ boot size နဲ့ CID number ကို samsung emmc တစ်မျိုးတည်းသာ change ပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် samsung emmc ကို ရွေးချယ်ထားခြင်းဖြစ်ပတယ်။
အခုပေးထားတဲ့ data မှာ user data မပါတဲ့အတွက် write လုပ်ရာမှာ 1 မိနစ်လောက်သာကြာပါတယ်။ တစ်ကယ်လို ကိုယ်တိုင် Huawei G610 U00 ကို UFI box ဖြင့် backup လုပ်ထားပါက။ userdata ပါပါနေမှာပါ။ ဒါဆို userdata ပါ ဆွဲထည့်ပြီး write ရင်တော့ 5 မိနစ်ကျော်လောက်တော့ကြာပါတယ်။ အခု userdata မပါတော့ emmc ကို circuit board မျာ ကပ်၊ power supply မှာ ၂ စိတ်လောက်တန့်နေရင် ကွန်ပျူတာကိနေ MTK flaht tool တစ်မျိုးမျိုးနဲ့ scatter type firmware ကို ပြန် flash ပေးမှာသာ အောင်မြင့်တဲ့ Huawei G610 U00 ကို ရနိုင်မှာပါ။